မိုးကောင်းကင်ကို ဖွင့်လှစ်၍
မကြာမီက မိတ်ဆွေတစ်ဦးနှင့် စကားပြောခဲ့ရာ ‘‘တစ်ခုခု လှုပ်ရှားလုပ်ဆောင်နေပုံ မပေါ်တဲ့ ဘုရားကို ကျွန်မ ဘယ်လို ဆက်ပြီး ယုံကြည်ရမလဲ’’ ဟု ကြားဖူးနေကျ ပြစ်တင် မြည်တမ်းမှုနှင့်အတူ သူ့ယုံကြည်ခြင်းကို စွန့်ခဲ့ကြောင်း ပြောခဲ့သည်။ ဤခံနိုင်ရည် ပျက်စီးမှုကို ပြသည့် မေးခွန်းကို ကျွန်ုပ်တို့ တစ်ချိန်မဟုတ်တစ်ချိန် ကြုံကြ၊မေးကြသည်။ မိမိ၏နာကျင်စရာများရှိရသည့်အထဲ သတင်း၌ အကြမ်းဖက် မှုများကို ဖတ်ရသည်တွင် ကျွန်ုပ်မိတ်ဆွေ၏စိတ်ပျက် အားလျော့မှုက သူ့ကိုယ်စား ဘုရားသခင် လှုပ်ရှားပေးရန် သူ အလွန်အမင်း ဖြစ်စေချင်သည့် ဆန္ဒကို ပြနေသည်။ ကျွန်ုပ်တို့ အားလုံးလည်း ထိုသို့ ဆန္ဒရှိသည် မဟုတ်ပါလား။
ဣသရေလ လူတို့သည်လည်း ဤအခြေအနေကို နားလည်သည်။ ဗာဗုလုန်အင်ပါယာက ဣသရေလပြည်ကို လွှမ်းမိုးလျက် ပြင်းထန်ကြမ်းတမ်းစွာ ဖိနှိပ်အုပ်ချုပ်လျက် ယေရုရှလင်မြို့ကို ငါးဖယ်ထောင်း ထောင်းနေသည်။ ပရောဖက်ဟေရှာယက သံသယအမှောင်ထုထဲ ကျနေသူတို့၏စကားကို…
လက်ကမ်းကြိုဆိုနေသော ကျွန်ုပ်တို့၏ဘုရားသခင်
အမေရိကန်ဥပဒေရုံးတော်၏ ညွှန်ကြားချက် (ယခင် ကော်ကေးရှန် ကျောင်းသားများသာ တက်ရောက်နိုင်သောကျောင်းကို အာဖရိကန်-အမေရိကန် ကျောင်းသားများ တက်ရောက် သင်ကြားနိုင်ရန် ချမှတ်သောဥပဒေ) ကို လိုက်နာမည့်အစား ၁၉၅၈ ခုနှစ်တွင် ပိတ်လိုက်သော မူလတန်းကျောင်းအဟောင်း တစ်ခုတွင် ကျွန်ုပ်တို့ အသင်းတော်ပြုလျက် ၀တ်ပြုစည်းဝေးကြပါသည်။ ၁၉၅၉ ခုနှစ်တွင် ထိုမူလတန်းကျောင်းပြန်ဖွင့်ပြီး ယခု ကျွန်ုပ်တို့အသင်းသား တစ်ဦးဖြစ်သည့် အဲလ်ဗာ သည် ထိုအချိန်က လူဖြူအသိုင်းအဝိုင်းသို့ အတင်းအကြပ် ဖိအားပေး သွတ်သွင်းခံရသော လူမဲ ကျောင်းသူ တစ်ဦးဖြစ်ခဲ့သည်။ “ကျွန်မနဲ့ အသားကျ ရင်းနှီးတဲ့ ဆရာဆရာမများအပါအဝင် လုံခြုံမှု ရှိတဲ့ အသိုင်းအဝိုင်းက အထုတ်ခံရပြီး အခြားလူမဲကျောင်းသားတစ်ဦးနဲ့ကျွန်မ နှစ်ယောက်ပဲ ရှိတဲ့ ကြောက်စရာ စာသင်ခန်းအသစ်ကို အပို့ခံရတယ်” ဟု အဲလ်ဗာက ပြန်လည်ပြောပြသည်။ အဲလ်ဗာ သည် အခြားကျောင်းသားများနှင့် ကွဲပြားခြင်းကြောင့် ဒုက္ခခံရသော်လည်း သတ္တိရှိသော၊…